Radio

bg

Windows 8 တွင် Delete Confirmation box ကို Enable ပြုလုပ်ခြင်း

Photo
Windows XP ကနေ စတင်ပြီး Windows 8 အသုံးပြုသူတွေအထိ ဖိုင်တစ်ခုခုကို ဖျက်လိုက်တဲ့ အခါမှာ  Delete Confirmation Dialog Box မပေါ်လာဘဲ တစ်ခါတည်း ဖျက်သွားတယ်ဆိုရင် ကိုယ်တစ်ကယ်ဖျက်ချင်တဲ့ Data မဟုတ်ဘူးဆိုပါက Data တွေ ပျက်စီး ဆုံးရှုံးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် Delete Confirmation Box ကို ထားပြီး ကိုယ်တစ်ကယ် ဖျက်ချင်တဲ့ဟာ ဟုတ်လား၊ မဟုတ်လား မေးပါတယ်။ ဒီ Confirmation Dialog Box ဟာ အကြောင်းအမျိုးမျိုးကြောင့် မပေါ်ဘဲ ဖိုင်တွေကို တစ်ခါတည်း ဖျက်သွားတယ်ဆိုရင် ပြန်လည်ပြီး ပြင်ဆင်နိုင်မယ့် နည်းလမ်း ၂ မျိုး ရှိပါတယ်။

Windows 8 ပေါ်မှာတော့ Delete Confirmation Dialog Box ကို Enable ပြုလုပ်နိုင်ဖို့အတွက် ပထမနည်းလမ်းကတော့ Recycle Bin Button ကို Right Click နှိပ်လိုက်ပါ။ ပြီးသွားရင် Properties ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ Properties Box ထဲ ရောက်သွားပြီဆိုရင်တော့ Displaydelete confirmation dialog ဆိုတဲ့ နေရာမှာ အမှန်ခြစ်လေး ထည့်သွင်းပေးထားရမှာ ဖြစ်ပါတယ်။ ပြီးသွားရင် Apply ကို နှိပ်ပြီး OK Button ကို နှိပ်ပြီး ထွက်လိုက်ပါ။ ဒါဆိုရင် ကိုယ်ဖိုင်တစ်ခုခုကို ဖျက်လိုက်တဲ့ အချိန်မှာ Delete Confirmation Dialog Box ကျမှာ ဖြစ်ပါတယ်။

ဒုတိယ နည်းလမ်းကတော့ Group Policy က ပြင်ဆင်တဲ့နည်းလမ်း ဖြစ်ပါတယ်။ Group Policy ကနေ ပြင်ဆင်ဖို့အတွက်ဆိုရင် ပထမဆုံး Win+R Key ကို အတူတွဲနှိပ်ပြီး Run Box ကို ခေါ်လိုက်ပါ။ Run Box ထဲမှာ gpedit.msc ဆိုတဲ့ command ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ Group Policy ထဲကို ရောက်သွားပြီဆိုရင် User Configuration အောက်က Administrative Template အောက်ကို သွားရပါမယ်။ အဲဒီအောက်ကမှ Windows Components အောက်ကို ဆက်သွားပြီး Windows Explorer အောက်က File Explorer ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ပြီးသွားရင် Display confirmation dialog when deleting file ဆိုတာကို Double Click နှိပ်လိုက်ပါ။ Not Configure ဒါမှမဟုတ် Disable ဖြစ်နေတယ်ဆိုရင် Enable ကို ရွေးချယ်ပြီး ထွက်လိုက်ပါ။ ဒါဆိုရင်တော့ Recycle Bin ရဲ့ Delete Confirmation Dialog Box ကို ပြန်လည်ပြီး ဖွင့်ပြီးသွားပြီ ဖြစ်တဲ့အတွက် Delete Button နှိပ်တဲ့အခါမှာ Confirmation ပြုလုပ်ပြီးမှသာ ဖိုင်တွေကို ဖျက်ပစ်ပေးမှာ ဖြစ်ပါတယ်။


source-internetjournal

[IMG]
[IMG]
ခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်


SHARE ON:

အွန်လိုင်းမှာသွားရင်းလာရင်းတွေ့ရှိသမျှ လေးတွေကို သည်နေရာမှာ လာစုထားခြင်းသာဖြစ်ပါတယ် ဘာကောင် ဘာဘလော့ဂါမှမဟုတ်ပါ။ကျွန်တော်လိုသမျှစုဝေးထားရာတွင် သင်လိုတာများ ရှိနေနိုင်ပါသည်

    Blogger Comment

0 comments:

Post a Comment